သံတွဲ     ဧပြီ     ၁

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ စာစစ်ဌာန ရှစ်ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုခဲ့သည်။

 

သံတွဲမြို့နယ်ရှိ စာစစ်ဌာနရှစ်ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ ၂၂၆၂ ဦးရှိသည့်အနက် ဝင်ရောက် ဖြေဆိုသူ ၂၁၁၂ ဦးရှိပြီး ပျက်ကွက်သူဦးရေ ၁၅၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

           

သန့်ဇင်(ပြန်/ဆက်)