သံတွဲ ၂၁ ဒီဇင်ဘာ
သံတွဲမြို့နယ်၌ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် သံတွဲမြို့နယ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံ ငွေ ၄၂၁ ဒသမ ၈၆ ကျပ်သန်းဖြင့် ကျေးရွာရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးကျော်ညွန့်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း တွင် ကွင်းဆင်းကြည့်ရှုကြသည်။
သံတွဲမြို့နယ်တွင် ခရေတန်းဆည်မှ ရေပေးဝေရေးဆောင်ရွက်မည့် ခရေတန်းကျေးရွာ၊ ကျက်သရေကျွန်းကျေးရွာ၊ ပုဇွန်ဖြေကျေးရွာ၊ သာယာကျွန်းကျေးရွာနှင့် ကျေးပင်ကျေးရွာတို့တွင် အိမ်တိုင်ရာရောက်ပိုက်လိုင်းသွယ်တန်းခြင်း ၁၆ မိုင်၊ အမြင့်တင်ရေစင် ၂ ခု၊ ဂါလံ ၅၀၀၀ ဆန့် ရေစုကန် ၃ ခု၊ ဂါလံ ၃၀၀၀ ဆန့် ရေစုကန်တစ်ခုနှင့် ရေမီတာ ၅၀၀ တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်သွား မည်ဖြစ်သည်။ အဆိုပါကျေးရွာများသို့ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင် ဦးစီးမှူးနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင်သိန်းထွန်း၊ သံတွဲမြို့နယ်ကျေးလက်ဦးစီးမှူး ဦးတင်မောင်ဌေး နှင့် တာဝန်ခံအင်ဂျင်နီယာများက မြေပြင်ကွင်းဆင်း စစ်ဆေးကြခြင်းဖြစ်သည်။
သံတွဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည် သူများရေသုံးစွဲရာတွင် အဆင်ပြေမှုရှိစေရေး၊ နွေရာသီတွင် သောက်သုံးရေပြတ်လတ်မှုမရှိစေရေးတို့ အတွက် ဆောင်ရွက်လျှက်ရှိရာ ၎င်းကျေးရွာသည်လည်းအပါအဝင်ဖြစ်ရာ ရေပိုက်သွယ်တန်းခြင်း နှင့်အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေပေးဝေခြင်းလုပ်ငန်းများပြီးစီးပါက ကျေးရွာနေပြည်သူများ အနေဖြင့် ရေလုံလောက်စွာရှိမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)


