နေပြည်တော် ၂၁ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီ ၃၅ မိနစ်က သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်နေ ဦးမြတ်မိုး (၄၂)နှစ် (May 18 Guest House တည်းခိုခန်းပိုင်ရှင်)၏ နေအိမ်တွင်း အမြင့် ၉ ပေခန့်ရှိ ထုပ်တန်း၌ သြစတြေးလျနိုင်ငံသား Mr.John Temaua Hooper (၄၂)နှစ် (ပတ်စ်ပို့အမှတ် PA 8342699 ၊ ဗီဇာအမှတ် IA 126673 ၊ လုပ်ငန်းဗီဇာ၊ သက်တမ်း ၁၉ ဇန် ၁၁ မှ ၁၉ မတ် ၂၃ ရက်ထိ)သည် အရှည် ၅ ပေခန့် နိုင်လွန်ကြိုးဖြင့် ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချသေဆုံးခဲ့သဖြင့် သံတွဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
စစ်ဆေးချက်အရ ဇန်နဝါရီ ၁၃ ရက်တွင် Mr.John Temaua Hooper သည် ဇနီးဖြစ်သူနှင့်အတူ Bay View ဟိုတယ်တွင် ရောက်ရှိတည်းခို နေထိုင်လျက်ရှိပြီး ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေး အဆင်မပြေသဖြင့် မိမိကိုယ်ကို သတ်သေမည်ဟု အမြဲပြောဆိုလေ့ရှိကြောင်း ဇနီးဖြစ်သူ၏ ပြောပြချက်အရ သိရှိရကြောင်း၊ ဦးမြတ်မိုးတို့ မိသားစုမှာ May 18 Guest House တည်းခိုခန်းတွင် လက်ရှိနေထိုင်လျက်ရှိပြီး ခင်မင်ရင်းနှီးသူ Mr.John Temaua Hooper အား ဦးမြတ်မိုးမှ အခင်းဖြစ်နေအိမ်(လူမနေ) သော့အား ပေးထားကြောင်း သိရှိရသဖြင့် ဂျိတ္တာနယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
MDN