သံတွဲ၊  ၁၈    ဇွန်

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဇွန်လဆန်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  သံတွဲ-တောင်ကုတ် လမ်းပေါ်ရှိ ပုရစ်နှင့် ရေကောက်ရွာသစ် စီမံကိန်းနေရာတွင် ဇွန်လ ၁၆ ရက်မှစ၍  မြေပြိုကျမှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ မြေပြိုကျမှုဖြစ်ပွားရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများ၊ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်အေးတို့ လိုက်ပါလျှက် ဇွန် ၁၇ရက် နံနက်က သွားရောက်ပြီး မြေထိန်းနံရံ တည်ဆောက်ပြီး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ထိုပုရစ်နှင့် ရေကောက်ရွာသည်  သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာတွင် ပါသည့် အတွက် သံတွဲ-တောင်ကုတ် လမ်းပေါ်ရှိ သံတွဲနှင့် မိုင် ၂၀ခန့်အကွာသို့ ပြောင်းရွှေ့ တည်ဆောက်နေသော စီမံကိန်းနေရာဖြစ်ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်