သံတွဲ  ၁၉  ဇူလိုင်


၂၀၁၉ခုနှစ် ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၂) မြောက်အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  သံတွဲမြို့ ဒွါရာဝတီခန်းမ၌ကျင်းပ ပြုလုပ်သည်။


အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ တက်ရောက်ကြသည်။


ရှေးဦးစွာ စာရေးဆရာ အောင် (သံတွဲ) က အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရဖွယ် သိကောင်းစရာများကို ဟောပြောသည်။ 


ထို့နောက် မြန်မာနိုင်ငံဂုဏ်ပြု ရဲတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံကို အလေးပြုကြသည်။


ယင်းနာက် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကြသည်။ ဆက်လက်၍ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချန် ၁၀ နာရီ ၃၇ မိနစ်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံတော်အလံကို တိုင်တဝက်လျောချပြီး မီးသတ်ကားများက ဥသြဆွဲကာ ပြည်သူများက နှစ်မိနစ် ငြိမ်သက်စွာ ဂါရဝပြု ကြသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်   ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှု‌ရေးအသင်းအဖွဲ့များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြသည်။


အခမ်းအနားတွင် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေးဆောင်ရွက်မှု မော်ကွန်းရုပ်ရှင်ကို ပြသပြီး (၇၂) နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ စာအုပ်များကို ဖြန့်ဝေခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။


MDN