သံတွဲ ၁၄  ဖေဖော်ဝါရီ

 

သံတွဲမြို့အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဦးဆောင်၍ ဆိုင်ကယ်စီးသူတိုင်းဦးထုတ်ဆောင်းရေး အသိပညာ ပေး လှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက သံတွဲမြို့ဆေးရုံဝန်းစုရပ်မှ ဆိုင်ကယ်အစီး ၇၀ အား ယာဉ်စည်းကမ်း စာတန်းပါ အင်္ကျီ ၁၅၀ နှင့် ဆိုင်ကယ်စီး ဦးထုပ် ၇၀ တို့ကို   ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးသင်၊ မြို့နယ်မော်တော်ယာဉ် ကြီးကြပ် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဦးထွန်းသန့်ကျော် ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင်စိုး၊ သံတွဲမြို့အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ်သန်းစိုးအောင်တို့က အခမဲ့ဝတ်ဆင်ပေးကြပြီး သံတွဲမြို့ဆေးရုံဝန်းမှ ငပလီမြို့ ဂျိတ္တောရပ်ကွက်အထိ အသွားအပြန် ပညာပေးသရုပ်ပြ လှုပ်ရှားမှုအဖြစ်ဆောင်ရွက်ခဲ့သည်။

 

2

 

ပညာပေးလှုပ်ရှားမှုမစတင်မိီ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးသင် က ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆိုင်ရာများ၊ အခုလိုအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရခြင်းတို့ကို နံရံကပ်စာစောင်များပြသရှင်းလင်းပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင်စိုး၊က ဆိုင်ကယ်စီးသူတိုင်းဦးထုပ်ဆောင်းပြီး စးီကြရန်နှင့် မတော်တဆမှုများ ဖြစ်ပွားပါက ဦးထုတ်ဆောင်းပြီး စီးသူထက် ဦးထုပ်ဆောင်းပြီးမစီးသူက ပိုပြီး ဦးခေါင်းထိခိုက်မှု ပိုမိုများပြား လာသဖြင့် မိမိအန္တရာယ်ကို ကာကွယ်ရာရောက်ပြီး မိမိကို မီခိုအားထားနေရသည့်မိသားစုများ၏ အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရာရောက်ပါကြောင်းဖြင့်   အသိပညာပေး ဟောပြောခဲ့ကြကြောင်းသိရသည်။

 

သန့်ဇင်( ခရိုင်ပြန်/ဆက်) 

 

3