သံတောင်ကြီး ၊ ၉ ဒီဇင်ဘာ
ကရင်ပြည်နယ် ၊ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ရည်ရွယ်ပြီး သံတောင်ကြီး ယုဝတီခရစ်ယာန်မိတ်သဟာရအသင်းမှ ကြီးမှူးသော လက်ပန်းထိုးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဇိုင်းယာန်းနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းခန်းမ၌ ပြုလုပ်သည်။
သင်တန်းတွင် လူငယ်လူရွယ်များ လက်ပန်းထိုးနိုင်ရန်အတွက် အခြေခံပန်းပုံဖော်ခြင်း အပ်ချည်ဖြင့် ပုံဖော်ထားသည်များအား လက်ပန်းထိုးချုပ်ပေးခြင်းစသည့်တို့ကို သင်ကြားပေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အတန်းတစ်တန်းတွင်(၁၀)ဦးနှုန်း ဖြင့် အတန်း(၈)တန်းခွဲကာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့သင်တန်းသား/သူ စုစုပေါင်း (၈၀)ဦးတက်ရောက်သင်ကြားပြီး ဒေသခံ ဆရာမ(၈)ဦး မှ သင်တန်းပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းကို ဒီဇင်ဘာ(၇)ရက်မှ ဒီဇင်ဘာ(၁၈)ရက် နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


