သံတောင်ကြီး ၁ ဇွန်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြိုနယ် မိုးလုံလေလုံ အားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်း၍ စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာစိုးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း ကျန်းမာရေးအရ ဆောင်ရန်ရှောင်ရန်များ သိရှိပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများက စနစ်တကျ ကူညီဆောင်ရွက်စေရန်အတွက် ဆင့်ပွားသင်တန်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက သင်တန်းတက်ရောက်လာသူများအား အားပေးစကား ပြောပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆရာဝန်များအသင်းမှ သံတောင်မြို့တာဝန်ခံ ဆရာဝန် ဒေါက်တာ စစ်သွေးပိုင်နှင့် သံတောင်ကြီးမြို့နယ် လက်ထောက်ဆရာဝန် ဒေါက်တာ နေမင်းကျော်ငြိမ်းတို့က သင်တန်းဘာသာရပ်များအား ပို့ချပေးခဲ့သည်။
အဆိုပါ စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းသို့ သံတောင်ကြီးမြို့နယ်အတွင်းမှ Quarantine Centre များတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်သူ (၃၀)ဦးတို့ တက်ရောက်ကြောင်း သိရသည်။
နော်လော်မူ(ပြန်/ဆက်)


