သံတောင်ကြီး     နိုဝင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်းသိရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေး အခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကလေးသူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်းသိရှိ စေရန်၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတတိုးပွားလာ စေရန်၊ ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး နော်လော်မူက ပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)