သံတောင်ကြီး မတ် ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မတ် ၁၆ ရက်က ထမုံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း ချေးငွေဖြင့် လုပ်ငန်းများအမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ကြရန် ပြောကြားခဲ့ သည်။
ဆက်လက်ပြီး မြစိမ်းရောင်ရန်ပုံငွေဖြင့် ထမုံကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း နှင့် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသားများအတွက် စုစုပေါင်း အရင်းမပျောက်လည်ပတ်ရန် ပုံငွေကျပ် (၃၂၅)သိန်း အား မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသင်းသား များထံ ရန်ပုံငွေများပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ