သံတောင်ကြီးမြို့နယ်၌ ရာသီပေါ်သီးနှံ လိုင်ချီးသီးများ စတင်ဆွတ်ခူးရောင်းချ

သံတောင်ကြီး      မေ       ၆

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်မှ  ပြည်သူများမှာ အများအားဖြင့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ တညင်း၊ ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီး စသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြစ် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မေလပထမပတ်မှစတင်ပြီး လိုင်ချီးသီးများ ရင့်မှည့်ပြီဖြစ်သည့်အတွက် လိုင်ချီးစိုက်တောင်သူများအနေဖြင့်  လိုင်ချီးသီများ စတင်  ဆွတ်ခူးရောင်းချလျက်ရှိပြီဖြစ်ကြောင်း သိရသည်။

 

သံတောင်ကြီးမြို့နယ်တွင်  ယခင်နှစ်က လိုင်ချီးသီးများ အထွက်နှုန်း မကောင်းသော်လည်း ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ မှ ၂၅၀၀ အထိရရှိကာ စားဝတ်နေရေးအဆင်ပြေ ကြောင်း ဒေသံခပြည်သူတစ်ဦးထံမှ သိရသည်။

           

နော်နော်မူ