သံတောင်ကြီး ၃၀ အောက်တိုဘာ
ကရင်ပြည်နယ် ၊သံတောင်ကြီးမြို့နယ် ၊သံတောင်ကြီး ဒေသ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို အောက်တိုဘာ (၂၈)ရက်မှ(၃၀)ရက်နေ့အထိ သံတောင်သူအမျိုးသမီးများရုံး၌ ပြုလုပ်သည်။
သင်တန်းတွင် သံတောင်သူအမျိုးသမီးများ၏လုပ်ဆောင်ချက်များ၊ ခေါင်းဆောင်မှုအတွက် ဆက်သွယ် ပြောဆိုခြင်းစွမ်းရည် ၊လိင် ၊ကျားမရေးရာနှင့်ကျား၊ မတန်းတူညီမျှမှု ၊အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားခြင်း ပပျောက်ရေးသဘောတူစာချုပ် ၊ခေါင်းဆောင်မှုအတွက်မိမိကိုယ်တိုင် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ခြင်း ၊ဒီမိုကရေစီနှင့်အမျိုးသမီးများပါဝင်မှု ၊လူအများရှေ့ စကားပြောဆိုခြင်း စွမ်းရည်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သံတောင်သူအမျိုးသမီးများအဖွဲ့ဒါရိုက်တာ ဒေါ်နော်မာမာချိုကပြောကြားသည်။
အဆိုပါ သင်တန်းသို သံတောင်ကြီးမြို့ပေါ်ရပ်ကွက်နှင့် သံတောင်ကြီးမြို့ အနီးပတ်ဝန်းကျင် ကျေးရွာမှ အမျိုးသမီးများ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Holy (ပြန်/ဆက်)


