သံတောင်ကြီး    ၁  အောက်တိုဘာ 

 

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊   နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထေွထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို  ယနေ့ နံနက်ပိုင်းက သံတောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်  ကပ်ထားကြေညာထားကြောင်း သိရသည်။

 

အဆိုပါ မဲဆန္ဒရှင်အမည်စာရင်းများကို  ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်မှ  ၁၄ ရက်နေ့အထိ  သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာသွားမည်ဖြစ်ပြီး     ဆန္ဒမဲအမည်စာရင်း တွင် မိမိအမည် မပါဝင်ပါက  ပုံစံ-၃ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူ ဖြစ်ပါက ပုံစံ-၃(က)ဖြင့်  လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်လာပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်း၊  မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့်  ပြင်ဆင်လွှာတင်သွင်းခြင်း စသည်တို့ကို  သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန်အတွက် မဲစာရင်းများ လာရောက်ကြည့်ရှုရန်  နှိုးဆော်ထားကြောင်း သိရသည်။

 

သံတောင်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၇၀)အုပ်စုရှိ မဲရုံပေါင်း (၉၅) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၁၀၆၅) ဦးရှိကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစောတီမသေထံမှ သိရသည်။

 

(မြို့နယ် ပြန်/ဆက်)