သံတောင်ကြီး ၁၃ ဇန်နဝါရီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ပေါ်ရပ်ကွက်များရှိ အစားအသောက် ရောင်းချနေသောဈေးဆိုင်များအားစစ်ဆေးခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်ဇင်သန့်နှင့် အဖွဲ့ဝင်(၈)ဦးနှင့်အတူ သံတောင်ကြီးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံမှလက်ထောက်ဆရာဝန်ဒေါက်တာစောနေမင်းကျော်ငြိမ်းနှင့် မြို့နယ်တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ လိုက်ပါကွင်းဆင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး သံသယရှိသောနမှုနာများ ကောက်ယူပြီး ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ဓါတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Holy(ပြန်/ဆက်)