သံတောင်ကြီး၊ ၄ ဒီဇင်ဘာ
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့ တိုက်နယ်ကျန်းမားရေးဌာနမှ အပတ်စဉ် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက သံတောင်ကြီးမြို့ပေါ် (၅)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်များအနေဖြင့် ကျန်းမာပြီး ကလေးအသေနှုန်းများမွေးဖွားမှု မရှိစေရန်၊ မွေးဖွားလာသည့် ကလေးများ ကျန်းမာသန်စွမ်းစေရန်အတွက် အပတ်စဉ် ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ HIV နှင့် ကာလသားရောဂါ စစ်ဆေး ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ ဆီးစစ်ပေးခြင်း၊ မှတ်တမ်းယူခြင်းများ ဆောင်ရွက်ခြင်းတို့ကို သံတောင်ကြီးမြို့ တိုက်နယ်ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စိုးစိုးရီ၊ သားဖွားဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


