သံတောင်ကြီး၊ ၁၇ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် နှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် Local Resoure Centre (LRC) ၏ ပံ့ပို့ကူညီမှုဖြင့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာဒေါ်နော်မာမာချိုနှင့် အဖွဲ့က ယနေ့နံနက်ပိုင်း၌ သံတောင်ကြီးမြို့ပေါ်ရပ်ကွက်(၃) နှင့် ကွက်သစ်ကုန်းများတွင် လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများကို အိမ်တိုင်ရာအရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် လက်များ စနစ်တကျဆေးကြောသန့်စင်ပြီး Mask များ စနစ်တကျတပ်ဆင်နိုင်ရန်အတွက် သံတောင်ကြီး အမျိုးသမီးများ အဖွဲ့က လက်တွေ့သရုပ်ပြခြင်း ၊ လက်သန့်ဆေးရည်(၅၀၀)မီလီမီတာ (၂၄၉) ဘူး၊ Mask (၅၀၀) တို့အား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


