သံတောင်ကြီး ၂၅ ဇွန်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်မြို့ဖြစ်သည့်အလျောက် မိုးတွင်းကာလ၌ တောင်ကျရေများ စီးဆင်းမှုကြောင့် လမ်းများပေါ်တွင် ရေဝပ်ခြင်း၊ လမ်းများပျက်ဆီးခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် အမှတ် (၃) ရပ်ကွက် လိပ်သိုလမ်းနှင့် ချယ်ရီလမ်းများအား အုတ်စီ၊ ရေမြောင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ထိုသို့အုတ်စီရေမြောင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများသွားလာရေးတွင် ကားများသွားလာရာတွင် အခက်ခဲမရှိ အန္တရာယ်ကင်းစွာ သွားလာနိုင်မည်ဖြစ်သည်။
အဆိုပါ အုတ်စီရေမြောင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လိပ်သိုလမ်းအား အရှည်ပေ (၆၀၀) အကျယ် (၁) ပေ၊အနက် (၁) ပေခွဲဖြင့် လည်းကောင်း၊ ချယ်ရီလမ်းအား အရှည်ပေ (၄၀၀) ၊အကျယ် (၁) ပေ ၊အနက် (၁) ပေခွဲဖြင့်လည်းကောင်း စုစုပေါင်း ပေ (၁၀၀၀) ကို ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံ ငွေကျပ် (၁၈) သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းပြီးစီးမှုမှာ (၈၀) ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။
စောမင်းသား(ပြန်/ဆက်)


