သံတောင်ကြီး   ဇူလိုင်  ၂၇

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇွန် ၂၆ ရက် ညပိုင်းက မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မြေပြိုမှုများကြောင့် သံတောင်ကြီးမြို့၊ အမှတ်()ရပ်ကွက် ဦးစောခယ်ဖေး၏နေအိမ်အဆောက်အအုံ သွပ်မိုးအုတ်ကာနံရံ(၁၀)ပေ ()ခန်းပျက်စီးခြင်း၊ အမှတ်()ရပ်ကွက်မှ ဦးစောယာကုပ်၏နေအိမ် အဆောက်အအုံ သွပ်မိုးထရံကာများ မြေစာပိ၍ပျက်စီးခြင်း၊ အမှတ်()ရပ်ကွက် နော်ဟဲလိုနေအိမ် အဆောက်အဦ သွပ်မိုးသွပ်ကာနံရံ (၁၅)ပေ ပျက်စီးခြင်း၊ အမှတ်()ရပ်ကွက် ဦးစောဖရိုက်၏နေအိမ် အဆောက်အအုံ သွပ်မိုးအုတ်ကာနံရံ(၁၀)ပေခန့် ပျက်စီးခြင်းနှင့် အမှတ်()ရပ်ကွက် ဦးစောဘာဂေထူး၏ နေအိမ်အဆောက်အအုံ သွပ်မိုးအုတ်ကာနံရံ အက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းမှုကြောင့် သံတောင်ကြီးမြို့ ရပ်ကွက်() ကားလမ်းဘေးနှင့် သံတောင်ကြီး တောင်ငူကားလမ်းတစ်ချို့နေရာများတွင် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါမြေပြိုမှုများကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိခဲ့ပါကြောင်းနှင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များမှ မိသားစုဝင်များအား ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး မြို့နယ်မီးသတ် ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် အများပြည်သူများမှ ရှင်းလင်းရေးများ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ