သံတောင်ကြီး ၄ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့ နှစ်(၁၀ဝ)ပြည့်ပွဲတော်ကို လာမည့်ဧပြီလ ၂ ရက်နှင့် ၃ ရက်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သံတောင်ကြီးမြို့  နှစ်(၁၀ဝ)ပြည့်ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ စောခရစ္စတိုဖာက သံတောင်ကြီးမြို့ နှစ်(၁၀ဝ)ပြည့်ပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ရာပြည့်ပွဲတော်တွင် နှစ်(၁၀ဝ)ပြည့်အထိမ်းအမှတ် ကျောက်တိုင်ကိုလည်းကောင်း၊ သံတောင်ကြီးမြို့ သမိုင်းကို မဂ္ဂဇင်းများထုတ်ဝေခြင်း၊ နှစ်(၁၀ဝ) ပြည့် ပြက္ခဒိန်ထုတ်ဝေရေး၊ အမှတ်တရတီရှပ်အင်္ကျီများ ထုတ်ဝေရေးနှင့် အားကစားပြိုင်ပွဲများ၊ သံစုံသီချင်းပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)