သံတောင်ကြီး နိုဝင်ဘာ ၁၁
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီ သံတောင်ကြီး မြို့ဝင်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ မရှိ RDT Test Kit ဖြင့် ခရီးသွားလာသူ(၃၇)ဦး၊ လိပ်သိုမြို့တွင်(၂၅)ဦး စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူမရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဆင့်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးပေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


