တိုကျို နိုဝင်ဘာ ၁
မင်းသမီး ကာကိုသည် နှစ်နိုင်ငံ ကြား သံတမန်ဆက်ဆံရေး နှစ် (၁၅၀) မြောက် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုဝင်ဘာ ၁ ရက်တွင် ဂျပန်နိုင်ငံမှ ပီရူးနိုင်ငံသို့ ထွက်ခွာသွား ကြောင်း သိရသည်။ ၎င်းသည် အိမ်ရှေ့မင်းသားနှင့် မင်းသမီး အခိရှိနိုတို့၏ ဒုတိယမြောက် သမီးတော် ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ဩစတြီးယားနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သို့ သွားရောက်ပြီးနောက် ၎င်း၏ အဆိုပါ ခရီးစဉ်သည် နိုင်ငံရပ်ခြားသို့ ဒုတိယမြောက် တရားဝင်ခရီးစဉ်လည်းဖြစ်သည်။ မင်းသမီး ကာကို သည် ပီရူးနိုင်ငံ၏မြို့တော် လီမာတွင် ပီရူးသမ္မတ ဒီနာဘိုလော်တီနှင့် တွေ့ဆုံပြီး သံတမန် ဆက်ဆံရေး ထူထောင်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ပီရူးနိုင်ငံတွင် ဂျပန်မျိုးရိုး အဆက်အနွှယ်ရှိသူ ၁၅၀၀၀၀ ခန့်ရှိပြီး နိုင်ငံရပ်ခြားတွင် ထိုကဲ့သို့ ရှိခြင်းမှာ တတိယမြောက် အများဆုံးဖြစ်ကြောင်း သိရသည်။
မင်းသမီးကာကို ပီရူးနိုင်ငံတွင် ရှိစဉ်အတွင်း အဆိုပါ ဂျပန်မျိုးနွယ်အချို့နှင့် တွေ့ဆုံသွားဖွယ်ရှိသည်။
မင်းသမီးသည် ပီရူးနိုင်ငံတောင်ပိုင်းရှိ ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခု ဖြစ်သော မာချူပီချူး ရှေးဟောင်းအင်ကာမြို့သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်။ ၎င်းသည် နိုဝင်ဘာ ၁၀ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
အင်န်အိတ်ချ်ကေ