နေပြည်တော်   ဖေဖော်ဝါရီ   

 

ပြည်တွင်းဆီလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များနှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များအတွက် Solar PV System ကို အသုံးပြု၍ စားသုံးဆီကြိတ်ခွဲထုတ်လုပ်နိုင်ပါက စီးပွားရေးအရ တွက်ခြေကိုက်ရန်ရည်ရွယ်၍ စက်မှု ဝန်ကြီးဌာနအနေဖြင့် ဝါကြိတ်စက်ရုံ(ရမည်းသင်း)တွင် Solar PV System တစ်ခုတည်ဆောက်၍ ဝါကြိတ်စက်နှင့် ဆီကြိတ်စက်များ စမ်းသပ်လည်ပတ်နိုင်ခဲ့ကြောင်း သိရသည်။      

 

ထိုသို့ စမ်းသပ်လည်ပတ်နိုင်ရန်အတွက် Solar PV System ကို Solar Panel 665 Watt (၁၄)ချပ်နှင့်တွဲ၍  7.5 kW Hybrid Inverter ဖြင့် တည်ဆောက်ခဲ့ပြီး ဝါကြိတ်စက် Double Roller Gin(3.7 kW) ()လုံးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ဝန်အားပြည့် စမ်းသပ်လည်ပတ်နိုင်ခဲ့ကြောင်းနှင့် Double Roller Gin (၁)လုံး အသုံးပြု၍ Performance Test စမ်းသပ်ဆောင်ရွက်ခြင်းကို တစ်ရက်လျှင် ပျမ်းမျှ (၆)နာရီခန့်ဖြင့် (၂၁)ရက် ဆောင်ရွက်ခဲ့ ရာ ဝါကုန်ကြမ်း (၉၇၃၃)ပိဿာ ကြိတ်ခွဲနိုင်ခဲ့သဖြင့် တစ်ရက်လျှင် (၄၆၃)ပိဿာ ကြိတ်ခွဲနိုင် ခဲ့ပြီး Double Roller Gin ကို နာရီ ၃၅ မိနစ်ခန့် စက်ရပ်နားခြင်းမပြုဘဲ ဝါကုန်ကြမ်းများကို ကြိတ်ခွဲခဲ့ရာ (၈၈၅)ပိဿာ ကြိတ်ခွဲနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ Double Roller Gin ()လုံး စမ်းသပ်လည်ပတ်ခြင်းအတွက် တစ်ရက်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ယူနစ် 22 kWH သုံးစွဲမှုရှိ၍ ဓာတ်အားခ ကုန်ကျစရိတ် တစ်ရက် လျှင် 22 kWH x ၂၅၀ ကျပ် = ငွေကျပ် ၅၅၀၀ သက်သာမည်ဖြစ်ပြီး Solar PV System ဖြင့် Double Roller Gin ()လုံး တစ်နှစ် လည်ပတ် မည်ဆိုပါက တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားခ ငွေကျပ်(,၆၅၀,၀၀၀) သက်သာမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် Solar PV System ဖြင့် 4 kW အသုံးပြု၍ နေရောင်ခြည်ရရှိမှု အခြေအနေအရ တစ်ရက်လျှင် ()နာရီခန့် လည်ပတ်ကြိတ်ခွဲနိုင်ပါက ဆီကြိတ်စက်()လုံးဖြင့် မြေပဲဆံ (၁၅)တင်း ကြိတ်ခွဲနိုင်မည်ဖြစ်ရာ လက်ရှိဈေးနှုန်းအရ မြေပဲဆံတစ်တင်း ကြိတ်ခွဲခ(,၀၀၀)ကျပ်နှုန်းရရှိပြီး တစ်ရက်လျှင် (၁၅)တင်း ကြိတ်ခွဲ ပါကငွေကျပ် (၁၃၅,၀၀၀) ဆီကြိတ်ခ ရရှိနိုင်မည်ဖြစ်သည်။

 

ဆီကြိတ်စက်()လုံးလည်ပတ်ခြင်းအတွက် တစ်ရက်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ယူနစ် 27 kWH သုံးစွဲ ကြောင်း တွေ့ရှိရသဖြင့် တစ်ရက်လျှင် ငွေကျပ် (၆၇၅၀) သက်သာစေမည်ဖြစ်သည်။ တစ်ရက်လျှင် ဆီကြိတ်ခနှင့် လျှပ်စစ်ဓာတ်အားခသက်သာမှုအရ စုစုပေါင်း ငွေကျပ်(၁၄၁,၇၅၀) ရရှိနိုင်မည်ဖြစ်၍ တစ်လ (၂၅)ရက်လည်ပတ်နိုင်ပါက ဝင်ငွေကျပ် (၃,၅၄၃,၇၅၀) ရရှိနိုင်မည်ဖြစ်သည်။ ဆီကြိတ်စက်လုပ်ငန်းရှင် တစ်ဦးအတွက် ဆီကြိတ်စက်(၂)လုံး၊ ဆီစစ်စက်(၁)လုံးကို Solar PV System တပ်ဆင်၍ လုပ်ငန်း ဆောင်ရွက်လျှင် ရင်းနှီးမြှုပ်နှံမှုကုန်ကျငွေစုစုပေါင်း ငွေကျပ်(၃၆,၅၈၀,၀၀၀)ရှိသဖြင့် ခန့်မှန်း(၁၁)လခန့် လည်ပတ်လျှင် အရင်းကြေမည်ဖြစ်သည်။ ဝင်ငွေရရှိမှုအရ တစ်နှစ်အတွင်း အရင်းကြေနိုင်သဖြင့် ဆီကြိတ်စက် လုပ်ငန်းရှင်များအနေဖြင့် ရွေးချယ်ဆောင်ရွက်ရန် ကောင်းမွန်သည့်လုပ်ငန်းတစ်ခုဖြစ် ကြောင်း သိရသည်။

 

စက်မှုဝန်ကြီးဌာနအနေဖြင့် Solar PV System ဖြင့် ဝါကြိတ်စက်နှင့် ဆီကြိတ်စက်များ ကို Performance Test ဆောင်ရွက်နိုင်သဖြင့် လျှပ်စစ်မီးမရရှိသော ဒေသများတွင် ဝါစိုက်တောင်သူများ၊ ဝါကြိတ်စက် လုပ်ငန်း ရှင်များနှင့် MSME ဆီကြိတ်လုပ်ငန်းရှင်များအတွက် Model Business တစ်ခုကို အောင်မြင်စွာ တည်ဆောက်၍ ဆောင်ရွက်ပြသနိုင်ခဲ့ကြောင်းနှင့် ဆိုလာအသုံးပြု၍ ဝါကြိတ်စက်နှင့် ဆီကြိတ်စက် များလည်ပတ်မည်ဆိုပါက လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)