နေပြည်တော် ၁၂ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ပညာရေးဝန်ကြီးဌာန၏ လိုအပ်ချက် ဖြည့်ဆည်းရန် ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့ဖြင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ်သုတေသနဌာနမှ ကိုဗစ်-၁၉ တားဆီး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အသုံးချနိုင်ရန် သုတေသနပြုတည်ဆောက်ထားသည့် Speaker Drone များကို ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေးအသိပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စက်တာဘာ ၂၆ ရက်မှစတင်၍ ကျန်းမာရေးအသိပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ အရေးပေါ်လိုအပ်သည့် အသိပေးကြေညာချက်များနှင့် ကျန်းမာရေး အသိပေးချက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Fever Clinic များ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ စပီကာဒရုန်းများတွင် တပ်ဆင်ထားသည့် Speaker အား မြေပြင်မှ Walkie Talkie ချိတ်ဆက်၍ တိုက်ရိုက်အသိပေးနှိုးဆော်နိုင်ပြီး ကင်မရာတပ်ဆင်၍ မြေပြင်အခြေအနေအား တိုက်ရိုက်ကြည့်ရှုကွပ်ကဲ နိုင်သည်။ Drone များတွင် Delivery Box တပ်ဆင်ထားပြီး 800 kg အလေးချိန်ရှိ အရေးကြီးဆေးဝါး ပစ္စည်းများအား (၁) မိုင်အကွာအဝေးထိ ပို့ဆောင်ပေးနိုင်သည်။ ပန်ကာ ခြောက်လက် တပ်ဆင်ထားသည့် Hexacotpter အမျိုးအစားဖြင့် သုတေသနပြု တည်ဆောက်ထားသည့်အတွက် လေတိုက်နှုန်းခံနိုင်ရည်ရှိပြီး မိနစ် ၂၀ အထိ ပျံသန်းနိုင်ကာ အမြင့်ပေ (၈၀)မှ နှစ်ကြိမ်နှုန်း ပျံသန်းပေးပါက ရပ်ကွက် တစ်ရပ်ကွက်အား ထိရောက်စွာ အသိပေးနှိုးဆော်နိုင်ကြောင်း သိရသည်။
သတင်းစဉ်


