သဖန်းဆိပ်ဆည် ရေအောက်ရောက်ကျေးရွာများ ပေါ်လာ၍ ကြည့်ရှုသူများပြား

ကျွန်းလ ၂၉ သြဂုတ်  


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည် ရေအောက်ရောက် ကျေးရွများပေါ်လာ၍ သွားရောက်ကြည့်ရှုသူ များပြားလျှက်ရှိကြောင်း သိရသည်။


သဖန်းဆိပ် ရေလှောင်တမံကို ၁၉၉၆-၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကျွန်းလှမြို့နှင့် ကျေးရွာပေါင်း (၇၃) ရွာ ရေအောက်ရောက်ရှိခဲ့ကြောင်း ၊ နှစ်ပေါင်း (၂၀) အတွင်း သဖန်းဆိပ်ဆည် ရေနည်း၍ ဒုတိယအကြိမ် ကျေးရွာဟောင်းများ ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။


ယခုအခါကျွန်းလှမြို့ဟောင်း၊ ရွှေတောင်၊ လက်ပံကြီးတော၊ တင်းတိန်ရန်၊ ရွာသီ၊ ပေါက်ကုန်း၊ ကျွဲတဲ၊ ကျီကုန်း၊ အင်တိုင်းကျေးရွာဟောင်းများရှိ စေတီပုထိုးများ၊ ရေတွင်း၊ ရေကန်များနှင့် ခြံစည်းရိုးများ ပေါ်နေခြင်းဖြစ်ကြောင်း သွားရောက်ကြည့်ရှုသူ ဒေသခံ ကိုသင်းက ပြောကြားသည်။


သဖန်းဆိပ် ရေလှောင်တမံသည် ကန်ရေပြည့်အမှတ် (၅၄၅) ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ (၂၇၉၄၀ဝ၀) ဧကပေ ဖြစ်သော်လည်း သြဂုတ်လ နောက်ဆုံးပတ်အထိ (၁၂၂၇၈) ဧကပေ စီးဝင်ပြီး ရေအမှတ် (၅၀၆ဒသမ၁၅) ပေ၊ သိုလှောင်ပမာဏ (၄၇၅၇၅၅) ဧကပေ သာရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဦးတင်မိုးဝင်းက ပြောကြားသည်။


မျိုးဝင်းညို(ကျွန်းလှ)