ကျွန်းလှ ၂၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ရေကျချိန်တွင် စိုက်ပျိုးထားသော ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဒီနှစ်သဖန်းဆိပ်ဆည်ရေမှာ သိသိသာသာ ကျဆင်းခဲ့ပြီး ယာမြေလုပ်ကွက်များ ပေါ်ထွန်းနေကြောင်း၊ ယခင်နှစ်က နွေစပါးသာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ နေကြာ၊ နံနံ၊ ပန်းနှမ်း၊ မုံညှင်း စသည့် ဆောင်းသီးနှံ ဧက (၂၀ဝ၀) ခန့် စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီထံမှ သိရသည်။

အဆိုပါဆောင်းသီးနှံ စိုက်ပျိုးထားသော တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး နှင့် ဝန်ထမ်းများက မလိုအပ်ဘဲ ပိုးသတ်ဆေး အသုံးမပြုကြရန်၊ ပိုးသတ်ဆေးနှင့် အပင်အားဆေးရောပြီး အသုံးမပြုကြရန်၊ GAP သီးနှံရရှိရေး ဆောင်ရွက်ရန်၊ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သီးနှံ စိုက်စွမ်းအား မလျော့ကျစေရန်၊ ကျန်ရှိနေသာ မြေနေရာများတွင် သီးနှံများ စိုက်ပျိုးကြရန် ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)