နေပြည်တော်၊  ၅  ဒီဇင်ဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၄ ရက်ည ၇ နာရီတွင် သပိတ်ကျင်း မြို့နယ်၊ မိုးမိတ်-တွင်းငယ်သွား ကားလမ်း၊ ကျောက်ဖြူကျေးရွာအုပ်စု၊ တောင်လယ်ကျေးရွာအနီး အောင်ထက်ရှိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၈၀  ကိုလည်းကောင်း၊

ထို့အတူ ယင်းနေ့ နံနက် ၁၂ နာရီမိနစ် ၂၀ တွင်   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်အုပ်စု၊ ဝိန်းကျောက်ရွာအနီးတွင် ကျခိုင်ရိမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၃၀ ကိုလည်းကောင်း၊

အလားတူ ဒီဇင်ဘာ ၃ ရက်မွန်းလွဲ ၁၂ နာရီမိနစ် ၅၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် ကျော်ကျော် (ခ)နာတားလယ် မောင်းနှင်သည့် Probox အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားတံဆိပ်ရိုက်နှိပ် ရာတွင်အသုံးပြုသည့် WY တံဆိပ်ပါမို ၆၀၊ တံဆိပ်မပါ မို ၆၀ ၊ မိုခေါင်း ၆၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းတို့ကို လည်းကောင်း၊ 

ထို့အတူ ဒီဇင်ဘာ ၄ ရက်နံနက် ၇ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)ရပ်ကွက်အတွင်းရှိ လမ်းတွင် အားဂါမောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)