နေပြည်တော် ၂၂ သြဂုတ်
၂၀၁၉ ခုနှစ် ၊ သြဂုတ်လ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၆)နာရီ (၁၁)မိနစ် (၅၄) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့-အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂ ဒသမ ၈၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၁၀)ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၁) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
MDN