သပိတ်ကျင်း   အောက်တိုဘာ  

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို အောက်တိုဘာ ရက် နံနက်ပိုင်းက ဆိပ်ကမ်းလမ်းဆုံနှင့် မြို့မဈေးတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ဆိပ်ကမ်းလမ်းဆုံနှင့် မြို့မဈေးရှိ ဈေးသူ/ဈေးသားများ၊ လမ်းသွား/လမ်းလာ ပြည်သူများအား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ရာတွင် ပြည်သူများ အဆင်ပြေအလွယ်တကူ သိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး လက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စိုးနိုင်ဝင်း(ပြန်/ဆက်)