သပိတ်ကျင်း    ဒီဇင်ဘာ   ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က သပိတ်ကျင်းမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်။

 

လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို သပိတ်ကျင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို မမေ့အပ်စရာ လွတ်လပ်ရေးနေ့အစဉ်အလာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို လွတ်လပ်ရေးနေ့တို့မမေ့ ခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား ကိုးဦး၊ ကျောင်းသူ ၁၉ ဦး စုစုပေါင်း ၂၈ ဦးတို့က ယှဉ်ပြိုင်ခဲ့ကြသည်။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင်  အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပသွား မည်ဖြစ်ပြီး ကျပန်းစကားပြောပြိုင်ပွဲ ဆုရရှိသူများနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း အဆိုပါနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးနိုင်ဝင်း(သပိတ်ကျင်း)