သပိတ်ကျင်း ၃ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီး (တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ) ဦးမျိုးသစ်နှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာ၊ ရွှေစည်းခုံ ဓမ္မာရုံတွင် ပြုလုပ်သည့် ငလျင်ဘေးသင့်မိသားစုဝင်များအတွက် ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက် ၍ ငလျင်ဘေးသင့်မိသားစုဝင်များနှင့်တွေ့ဆုံကာ နှစ်သိမ့်အားပေး စကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဌခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်အောင်က နိုဝင်ဘာ ၂၈ ရက် ည ၉ နာရီ ၉ မိနစ်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး ငလျင်ဘေးသင့် လူနေအိမ် (၁၇၇)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း တစ်အိမ်ထောင်လျှင်(၁၀)မျိုးစီနှင့် ထောက်ပံ့ငွေကျပ် (၁၆၄ ဒသမ ၅)သိန်း၊ ငလျင်ဘေးသင့် ဘုန်းတော်ကြီး ကျောင်း(၄)ကျောင်း အတွက် တစ်ကျောင်းလျှင် (၁)သိန်းနှုန်းဖြင့် စုစုပေါင်း(၄)သိန်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၆၈ ဒသမ ၅)သန်းအား မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဉီးစီးမှူး ညွှန်ကြား ရေးမှူး ဦးအေးမင်းသူက မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ထံသို့ ပေးအပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)