သပိတ်ကျင်းမြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေးခြင်းလုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

သပိတ်ကျင်း   အောက်တိုဘာ   ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသိပညာပေးလုပ်ငန်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို အောက်တိုဘာ ၂၇ ရက် နံနက် ၇ နာရီမှ စတင်၍ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ (၄)မိုင် ကံသာရွာ၊ (၆)မိုင် စခန်းသာရွာ၊ (၇) မိုင် အောင်ချမ်းသာကျေးရွာများသို့ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပန်းခင်းစီမံချက် အသိပေးနှိုးဆော်ရေးသီချင်းများကို အသံချဲစက်ဖြင့် ဖွင့်လှစ်ပေးခြင်းလုပ်ငန်းများကို ဈေးများ၊ လူစည်ကားရာလမ်းဆုံများ၊ ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ ယခုနေရပ်တွင် နေထိုင်ရန် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ခြင်းနှင့် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ အလွယ်တကူ သိရှိဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ကျေးရွာများအရောက် တစ်ရွာဝင် တစ်ရွာထွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် သပိတ်ကျင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူရနှင့် ဌာနဝန်ထမ်းများမှ ကားဖြင့်လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုးနိုင်ဝင်း (သပိတ်ကျင်း)