သပိတ်ကျင်း အောက်တိုဘာ ၁၀
နိုင်ငံသားတစ်ဦး၏ တရားဝင်နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှုရှိရေးအတွက် သတ်မှတ်ချက် များနှင့် ကိုက်ညီသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ သပိတ်ကျင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယနေ့ နံနက် ၈ နာရီတွင် ရှားတောကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ရှားတောကျေးရွာရှိ အသက်(၁၀)နှစ်ပြည့်သူ (၁၉)ဦး၊ (၁၈)နှစ်ပြည့်သူ (၄၃)ဦး စုစုပေါင်း (၆၂)ဦးကို နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်း (၄)စုကိုလည်း ဆောင်ရွက်ပေးခဲ့ကာ တစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ပန်းခင်းစီမံချက် သတ်မှတ်ကာလ(၁၈)လအတွင်း သပိတ်ကျင်းမြို့နယ် နိုင်ငံသားစိစစ်ရေးကတ် မဲစာရင်း ကွက်လပ်ဖြည့်ရန် ဦးရေ(၁၄၀၂၀) ပုံမှန်ဆောင်ရွက်ပေးရမည့်သူ ဦးရေ (၄၀၀၀) စုစုပေါင်း (၁၈၀၂၀) ဆောင်ရွက်ပေးရန် လျာထားထားရှိပြီး လက်ရှိအချိန်တွင် (၃၀၀၀)ကျော် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(ထွန်းထွန်းနိုင်)