မန္တလေး ၂၁ အောက်တိုဘာ 

 

Halloween ညတွင် သရဲပုံအပြင်အဆင်များဖြင့် ပုံဖော်တင်ဆက်သွားမည့် Halloween Festival ကို အောက်တိုဘာ ၃၁ ရက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း The Rave Entertainment မှ သိရသည်။

 

Halloween Festival ပွဲနေ့တွင် ပွဲလာရောက်သူများကို သရဲပုံစံပြင်ဆင်နိုင်ရန် မိတ်ကပ် ချယ်သပေးမည် ဖြစ်သည်။ 

 

''မျက်လှည့်တွေ၊ ဆပ်ကပ်ပြသတာတွေလည်း ပါမယ်။ Selfie Booth မှာ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်တင်မယ်၊ Like အများဆုံး ရတဲ့သူအတွက်လည်း အစီစဉ်တွေရှိတယ်''ဟု  The Rave Entertainment မှကို စိုးလပြည့်အောင်က ပြောသည်။ 

 

အဆိုပါပွဲတွင် အီတလီနိုင်ငံမှ DJ Marnik ၊ အမေရိကန်နိုင်ငံမှ DJ Romeo Blanco ၊ အော်စတြေးလျနိုင်ငံမှ DJ Rave Radio က ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး ပြည်တွင်းမှ နာမည်ကြီး DJ များစွာ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

 

Halloween Festival ပွဲကို မန္တလေးမြို့ Golden City Event Park တွင် ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်