လှိုင်းဘွဲ  ၈    ဩဂုတ်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကမော့ကချူး ကျေးရွာအုပ်စု၊ မဲလောင်းလေးကျေးရွာရှိ တောင်သူ ဦးလှမင်းအောင်၏ ဆင်းသုခစပါးမျိုး (၃) ဧကနှင့် တောင်သူဦးထိန်လင်း စိုက်ပျိုးထားသော ဧရာမင်းမျိုးစပါး (၃) ဧက စိုက်ခင်းများကို  SRI စနစ်ဖြင့် Rs to Cs မျိုးစေ့ထုတ် စိုက်ပျိုးထားရှိမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆင်းသုခစပါးနှင့် ဧရာမင်းမျိုးစပါးများ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းနှင့် ဝန်ထမ်းများက မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် စပါးများ ပျက်စီးမှု မရှိစေရေး မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ထုတ်စပါးများ အောင်မြင်ဖြစ်ထွန်းစေရေး၊ မြေဩဇာများအား အချိုးကျ စနစ်တကျ ပက်ဖျန်းပေးနိုင်ရေး စိုက်ပျိုးရေး နည်းစနစ်များအား အသိပညာပေးခြင်းနှင့် အောင်မြင်ဖြစ်ထွန်းနေသော စပါးခင်းများအတွင်း ပိုးမွှားကျရောက်မှု မရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)