သရက် ၁၈ ဇွန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ သရက်-အောင်လံ ကူတို့လိုင်းစက်လှေများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ယနေ့ နံနက်ပိုင်းက သရက်ပဲ့ထောင်ဆိပ်ကမ်းရှိ ကူးတို့ရေယာဉ်ကြီး (လိုင်းစက်လှေ) များနှင့် ကူးတို့ရေယာဉ်အသေး (ကြားစက်လှေ) များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကူးတို့ရေယာဉ်ကြီး (လိုင်းစက်လှေ) အနေဖြင့် အသက်ကယ်ဗောများ၊ အသက်ကယ်အင်္ကျီများ ပြည့်စုံစွာပါရှိရေး၊ ခရီးသည်များ ဆိပ်ကမ်း အတက်အဆင်း အဆင်ပြေစွာ တက်ဆင်းနိုင်ရန် လက်ရန်းတန်း (လက်ကိုင်) များ ဆောင်ရွက်ထားရှိရေးနှင့် စက်သုံးဆီ ငါးဂါလန် အပိုထားရှိမှု ရှိ/မရှိကို လည်းကောင်း၊ ကူတို့ရေယာဉ်အသေး (ကြားစက်လှေ) များအား ခရီးသည်များ အတက်အဆင်း ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် ကုန်းပေါင် အထူ၊ အကျယ်၊ အရှည်အတိုင်း အသုံးပြုဆောင်ရွက်ထားမှု ရှိ၊ မရှိ၊ အသက်ကယ်ဗောများ၊ အသက်ကယ်အင်္ကျီများ ရှိ၊မရှိ၊ စက်သုံးဆီ တစ်ဂါလံ အပိုထားရှိမှု ရှိ၊မရှိတို့အား လိုက်လံ စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ ခရီးသွားပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)