သရက်ချောင်း   ၁၇ အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မြို့နယ်အားကစားကွင်း၌ အောက်တိုဘာ ၁၈ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ချစ်ကြည်ရေးရန်ပုံငွေ ဘောလုံးပွဲနှင့် ဂီတ ဖျော်ဖြေပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ချစ်ကြည်ရေးရန်ပုံငွေဘောလုံးပွဲအဖြစ် သရက်ချောင်း (FC) ဘောလုံးအသင်းနှင့်  ရုပ်ရှင်နှင့်ဂီတ(Actor Stat FC) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ၎င်းဘောလုံးပွဲ မစတင်မီအချိန်များနှင့် ဘောလုံးပွဲခေတ္တနားသည့်အချိန်များတွင် နိုင်ငံကျော် အဆိုတော်များမှ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးသွားမည်ဖြစ်သည်။ ရုံဝင်ကြေး အနေဖြင့် တစ်ဦးလျှင် ငွေကျပ်၂၀ဝ၀ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)