သရက်ချောင်း ၂၈ ဒီဇင်ဘာ  

 

မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ပြည်သူများ အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် Dawei Millennium Centre နှင့် တနင်္သာရီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဒီဂျစ်တယ်သိနားလည်မှုဆိုင်ရာ သင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

သင်တန်းတွင် တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဒေါက်တာကျော်လွင်စိုးနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမတို့က ဤသင်တန်းသည် ကမ္ဘာတစ်ဝှမ်းမှ လူသားများ၏ အွန်လိုင်းပေါ်ရှိ လူနေမှုဘဝတွင် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုအတွက်ပါ ရေးဆွဲထားသည့် လေ့ကျင့်သင်ကြားရေး အကြောင်းအရာများ စုစည်းတင်ပြခြင်းဖြစ်ကြောင်း၊ လူမှုမီဒီယာများတွင် တွေ့ရှိရသည့် သတင်းအချက်အလက်များ အားလုံးသည် အမှန်ဟု တစ်ဖက်သတ် မယုံကြည်နိုင်ပါကြောင်း၊ ကောလာဟလများ၊ သတင်းအမှားများ၊ သတင်းအတုများ၊ မသမာသော ရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးလိုက်သည့် သတင်းများ၊ အမုန်းစကားများ စသည်များ ပြည့်နက်နေသည့်အတွက်  စနစ်တကျ ဆန်းစစ်တတ်ရန် ၎င်းသင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

mdn

 

အဆိုပါ ဒီဂျစ်တယ်သိနားလည်မှုဆိုင်ရာ သင်တန်းကို သင်တန်းသား/သင်တန်းသူ (၅၀)ဦးဖြင့် ရက်တို(၁)ရက်တာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

သရက်ချောင်း(ပြန်/ဆက်)