သရက်ချောင်း ၁၃ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာတွင် ယမန်နေ့ ည ၈ နာရီခွဲက မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာနေ ဒေါ်ထွန်းရီ (၄၈)နှစ် ဥယာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူ၏ နေအိမ်တွင် လျှပ်စစ်မီတာမိန်းခုံမှစတင်၍ ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်နိုင်လွင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ မီးသတ်ရေ ယာဉ်နှစ်စီး၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၁၁ နာရီ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဒေါ်ထွန်းရီ၏ နေအိမ်(၁)လုံး ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
သရက်ချောင်း(ပြန်/ဆက်)


