သရက်ချောင်း ၂၉ အောက်တိုဘာ
တနင်္သာရီတိုင်းဒေကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက် ၆၀ နှစ်အထက် ပြည်သူများအား ယနေ့ နံနက် ၈ နာရီမှစ၍ နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၄) အုပ်စုတွင် မဲရုံ(၁၁၀)ရုံ ထားရှိသွားမှာဖြစ်ပြီး မဲပေးနိုင်သူ (၁၆၀၀၀၀)ကျော်ခန့်ရှိပြီး အသက် ၆၀ နှစ်အထက် ကြိုတင်ဆန္ဒမဲ လာရောက်ပေးနိုင်သူမှာ (၁၄၀၀၀)ကျော်ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်သဉ္ဇာလွင်ထံမှ သိရသည်။
သရက်ချောင်း(ပြန်/ဆက်)


