သရက်ချောင်း ဇူလိုင် ၁၈

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးမှ တာဝန်ယူ ဆောင်ရွက်သည့် နိုင်ငံသားကိုယ်ရေးအချက်အလက် မှန်ကန်စေရေးနှင့် e-Government အကောင်အထည် ဖော်နိုင်ရေးအတွက် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

အဆိုပါ Unique ID ထုတ်ပေးခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်း မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးလွင်ဦးက “ခုပထမအဆင့်အနေဖြင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နောက်တစ်ဆင့်တွင် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း” ပြောပြသည်။


 
ပြည့်ဖြိုးပိုင်(သရက်ချောင်း)