သရက်ချောင်း ၂၂  ဇူလိုင်

 


မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကမြိုင်ကျေးရွာ အ.ထ.ကကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ိ္နါ


ဟောပြောပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဝေလွင်က ပြောဟောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဟောပြောသည့် အကြောင်းအရာများကို မှတ်သားပြီး မိမိပတ်ဝန်းကျင်တွင် ပြန်လည်ဆွေးနွေးကြရန် ပြောကြားသည်။

 


ထို့နောက် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကုသရေးဦးစီးမှူး ဒေါက်တာသူရဇော်က လူငယ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ရောဂါလက္ခဏာများ အကြောင်းကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သိန်းထိုက်က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိကောင်းစရာများကို လည်းကောင်း အသီးသီးဟောပြောခဲ့သည်။

 


အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ (၅၀ဝ)ဦး တက်ခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

 

 
သရက်ချောင်း(ပြန်/ဆက်)