သရက်ချောင်း  ၂၇ ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ ဝါးလက်မှုပညာသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးမှူး ဦးတင်ထူးနိုင်က တစ်ပိုင်တစ်နိုင် ဝါးလက်မှုပညာသင်တန်းများ ပေါ်ထွန်းလာ စေရန်၊ ဒေသထွက်ကုန်ဝါးများကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်စေရန်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ တတ်မြောက်ခြင်းဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာပြီး ဝင်ငွေအခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

သင်တန်းသို့ ကျောက်ဆည်ကျေးရွာမှ ဝါးလက်မှုပညာ စိတ်ပါဝင်စားသူ (၂၀) ဦး တက်ရောက်ပြီး ဝါးပညာရှင် ဦးစွမ်းပိုင်က ကြီးကြပ်၍ သင်တန်းနည်းပြဆရာ ဦးသန်းဦး က သင်ကြားပို့ချပေးမည် ဖြစ်သည်။

 

သင်တန်းတွင် ဝါးတဲနှင့် ဝါးကုလားထိုင် ဘာသာရပ်နှစ်မျိုးကို ဇူလိုင် ၂၇ ရက်မှ ဇူလိုင် ၃၀ ရက်နေ့အထိ (၄) ရက်အကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သရက်ချောင်း(ပြန်/ဆက်)

 

 

mdn