သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူများ ဈေးကွက်ပျောက်နေ၍ သိုလှောင်ရန် အခက်တွေ့နေ

မြင်းခြံ ၁၈ မေ 

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် သရက်သီးပေါက်စိပ် (သရက်ချဉ်) များကို ဈေးကွက်ပျောက်နေ၍ ယခင်နှစ်များလို သိုလှောင်ရန် အခက်တွေ့နေကြောင်း မြင်းခြံမြို့ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူ ဦးချမ်းသာထံမှ သိရှိရသည်။

 

သရက်ချဉ်လုပ်ငန်းတွင် အသုံးပြုသည့် သရက်သီးများကို တစ်တင်းလျှင် ၃၅၀၀ ကျပ် ပေးဝယ်ရကြောင်း၊ သရက်သီးပေါက်စိပ်သမားကို တစ်တင်းပေါက်ခ ၁၅၀၀ ကျပ်နှင့် သရက်ချဉ် သိပ်တဲ့သူကို တစ်စဉ့်အိုးသိပ်ခ ၂၅၀၀ ကျပ် ပေးရကြောင်း သိရသည်။ သရက်သီးတစ်တင်းကို အချဉ်သိပ်ပါက သရက်ချဉ် ခြောက်ပိဿာခန့်ရရှိကာ တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် အဆိုပါ သရက်ချဉ်များကို ဝယ်ယူသူရှိသည့်အချိန်ထိ နှစ်ပေါက်အောင် ထား၍ရကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာလအတွင်း အလှူပွဲ၊ မင်္ဂလာပွဲများ မပြုလုပ်ရသည့်အတွက် ဈေးကွက်ပျောက်နေသဖြင့် ယခင်နှစ်များလို သရက်သီးပေါက်စိပ်များ သိုလှောင်ရန် အခက်တွေ့နေကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)