သရက် အောက်တိုဘာ ၂၆
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ ကျေးရွာ ၁၄ ရွာ၌ ကျေးလက်ကုန်ထုတ်လမ်း တံတားလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် လုပ်ငန်းများအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သရက်ခရိုင်အတွင်းရှိ သရက်မြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် မင်းလှမြို့နယ်များရှိ ကျေးရွာ(၇)ရွာတို့၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ် ၃၃၇ ဒသမ ၀၆၈ သန်းအသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်း (၇)လမ်း၊ Stab Culvert (၇)စင်းတည်ဆောက်ခြင်း၊ Pipe Culvert (၂)စင်းတည်ဆောက်ခြင်းနှင့် ရေကျော်(၃)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို လည်းကောင်း၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေကျပ် ၁၈၁ ဒသမ ၅၆၅ သန်း အသုံးပြုပြီး သရက်မြို့နယ်၊ ကံမမြို့နယ်နှင့် မင်းလှမြို့နယ်တို့ရှိ ကျေးရွာ(၅)ရွာတို့၌ ကျေးလက်ကုန်ထုတ်လမ်း (၃)လမ်း၊ Stab Culvert (၃)စင်း တည်ဆောက်ခြင်း၊ ရေကျော် (၄)စင်း တည်ဆောက်ခြင်း၊ Pipe Culvert (၃)စင်း တည်ဆောက်ခြင်းနှင့် RC Box Culvert (၁)စင်း တည်ဆောက်ခြင်းတို့ကို လည်းကောင်း၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၉၆ ဒသမ ၀၈ သန်း အသုံးပြုပြီး သရက်မြို့နယ်နှင့် ကံမမြို့နယ်တို့ရှိ ကျေးရွာ (၂)ရွာ၌ ကျေးလက်ကုန်ထုတ်လမ်း (၂)လမ်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သရက်ခရိုင်အတွင်းရှိ ကျေးရွာ ၁၄ ရွာ၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေ စုစုပေါင်းကျပ် ၆၁၄ ဒသမ ၇၁၃ သန်း အသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်း (၁၂)လမ်း ဆောင်ရွက်ခြင်း၊ Stab Culvert (၁၀)စင်း တည်ဆောက်ခြင်း၊ Pipe Culvert (၅)စင်း တည်ဆောက်ခြင်း၊ ရေကျော် (၇)စင်း တည်ဆောက်ခြင်းနှင့် RC Box Culvert (၁)စင်း တည်ဆောက်ခြင်းတို့ကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၄ ရွာမှ လူဦးရေ ၉၈၉၉ ဦး၊ စိုက်ပျိုးမြေ ၄၅၃၄ ဧက အကျိုးပြုမည်ဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။
ကိုညို(ကျေးလက်)