သရက် မတ် ၁၀

 

သရက်မြို့ စည်ပင်သာယာဈေးတွင် မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ဈေးပိတ်ချိန် လျှပ်စစ်ဝါယာကြိုး၊ မိန်းခလုတ်များ စစ်ဆေးခြင်း၊ မီးကြွင်းမီးကျန်များမရှိစေရေး စစ်ဆေးခြင်းနှင့် မီးလောင်လွယ်သောပစ္စည်းများ စုပုံထားရှိမှု မရှိစေရေး၊ ကုန်ပစ္စည်းများအဆမတန် သိုလှောင်ထားရှိမှု မရှိစေရေးတို့အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မတ် ၁၀ ရက် ညနေပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် သရက်မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်လွင်မိုး ဦးဆောင်၍ မြို့နယ် လျှပ်စစ်၊ စည်ပင်စျေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကောင်းစစ်နိုင်