သရက်   ဇူလိုင်   ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် အလှူငွေပေးအပ်လှူဒါန်းခြင်းကို  ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။           

အဆိုပါ‌ ပေးအပ်လှူဒါန်းပွဲတွင် သရက်မြို့ အကောက်တဲရပ်ကွက်နေ ဒေါက်တာနေဇော်လတ်နှင့် ဇနီး ဒေါ်မီမီအောင်(မင်းဆေးခန်း) မိသားစုက အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် မတည် အလှူငွေကျပ် သိန်း ၅၀ ကို လှူဒါန်းခဲ့ကြရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်ရွှေအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းပေးအပ်၍ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဇော်ဝမ်းထွန်း(အောင်လံ)