သရက် မေ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၄ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စိန်းရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သရက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးသက်နိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ပညာရေးလမ်းညွှန် အမှာစကား ပြောကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ပစ္စည်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ပေးအပ်ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် ကျောင်းသား ကျောင်းသူများက လက်ခံကြပြီး မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဇော်ထက်(သရက်)