သရက်   ဒီဇင်ဘာ   ၁၇

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ကိုးပင်ကျေးရွာအုပ်စု မုဉ္ဇလီကျေးရွာ၌ သရက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွက် ဒေသနွား မျိုးကောင်း မျိုးသန့် ဒုတိယအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးခြင်းကို ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည်။

 

သရက်မြို့နယ်တွင် နွား မျိုးကောင်းမျိုးသန့်များ တိုးပွားလာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသနွား မျိုးကောင်းမျိုးသန့်  လက်ဆင့်ကမ်း ဖြန့်ဖြူးခြင်လုပ်ငန်းအား ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်၍ မတည်ငွေသိန်း ၃၀၀ ဖြင့် တောင်သူ ၇၇ ဦးအား ဒေသနွား မျိုးကောင်း မျိုးသန့် ၇၇ ကောင်ကို ဖြန့်ဖြူးမွေးမြူစေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးခဲ့ပြီးဖြစ်သည်။ ဒုတိယအကြိမ် ဒေသခံပြည်သူများအတွက် လက်ဆင့်ကမ်း ဖြန့်ဖြူးခြင်းအား မုဉ္ဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူအသီးသီးတို့က ဒေသခံတောင်သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)