သရက် ၂၈ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် စမိုခ မိဘမဲ့ကလေးများကျောင်း၌ ကျောင်းသား၊ ကျောင်းသူ များအား ကျန်းမာရေးစစ်ဆေးကုသခြင်းနှင့် အသိပညာပေး ဟောပြောခြင်း အခမ်းအနားကို ယမန် နေ့ နံနက် က ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာစိုးလင်းနိုင်က သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြော၍ စနစ်မှန် သွားတိုက်နည်း အကြောင်း ရှင်းလင်း ပြသပေးခဲ့သည်။
ထို့နောက် ဒေါက်တာနှင်းဝေဝေလွင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ များအား သွားတိုက်တံနှင့် သွားတိုက်ဆေးများ လှူဒါန်းပေးပြီး စနစ်မှန် သွားတိုက်နည်းအား ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့် သင်ကြားပေးခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကုသခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)