သရက်  ၃၀  အောက်တိုဘာ

သရက်မြို့၌ ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုဗဟိုပြုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက ကလေးစာပေပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပါဝင်ဆောင်ရွက်ကြမည့် ကော်မတီဝင်များမှ ကော်မတီအလိုက် ပါဝင်ကူညီဆောင်ရွက်ပေးကြရန် ပြောကြားပေးခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းဇော်က ကလေးစာပေပွဲတော်ဖြစ်မြောက်ရေး  ဆပ်ကော်မတီများမှ မိမိတို့ တာဝန်ကျသည့် အခန်းကဏ္ဍများကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်က ဖျော်ဖြေရေးနှင့် ပြိုင်ပွဲများ စီစဉ်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းဆွေးနွေးပြီး ဆပ်ကော်မတီအသီးသီးမှ ကလေးစာပေပွဲတော် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)